သဘာဝဓာတ်ငွေ့ ရောင်းပြီး ဒေါ်လာ သန်းရာပေါင်းများစွာ စစ်ကောင်စီ ဝင်ငွေဆက်ရှိနေ

သဘာဝဓာတ်ငွေ့ ရောင်းပြီး ဒေါ်လာ သန်းရာပေါင်းများစွာ စစ်ကောင်စီ ဝင်ငွေဆက်ရှိနေ စနေမနက် ထိပ်တန်း သတင်းများ (၂၇.၈.၂၀၂၂) - ပြီးခဲ့တဲ့ ၄ လ တာ အတွင်း သဘာဝဓာတ်ငွေ့ကနေ တဆင့် ဒေါ်လာ သန်း ၈၀၀ ကျော် အထိ စစ်ကောင်စီ ဝင်ငွေရှိ - ပြီးခဲ့တဲ့နှစ် ဒီအချိန် ၄ လတာနဲ့ ယှဥ်ရင် ဒေါ်လာ သန်း ၆၀ ကျော်ဖိုး ရောင်းအားတိုး၊ အဓိက ဝယ်လက်က ထိုင်းနဲ့တရုတ်တို့ဖြစ် - ပြည်ပအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ခွင့်ပြုချက် မတောင်းပဲ လွတ်လွတ်လပ်လပ် တိုက်ရိုက် တွေ့ခွင့် မရှိတော့တဲ့ ကန့်သတ်ချက်အပေါ် SNLD ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက် - အင်းတော်ဒေသ ပရဟိတ အသင်းက လူ ၄ ဦး အမည်မသိ အဖွဲ့ရဲ့ ခေါ်ဆောင်သွားတာ ခံရပြီးနောက် သတင်းပျောက်နေ ... တခါ၊ အင်းတော် ဆေးရုံပေါ်တက်နေတဲ့ လူနာကိုရော လူနာစောင့် နှစ်ဦးကိုပါ PDF သံသယနဲ့ စစ်ကောင်စီ ဖမ်းဆီး - အမေရိကန်မှာ ဘဏ်တိုးနှုန်းတွေ ဆက်မြှင့်မယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌ ပြောအပြီး စတော့ စျေးကွက်တွေပါ ရိုက်ခတ် ခံရပြီး ရှယ်ယာစျေးတွေ ထိုးကျ - အမေရိကန်နဲ့ တရုတ်ကြားမှာတော့ သမိုင်းဝင် စီးပွားရေး သဘောတူမှု ရလာ၊ နယူးယောက်မှာ ကုန်သွယ်ကြမယ့် တရုတ် ကုမ္ပဏီတွေ အပေါ် အမေရိကန် စာရင်းစစ်ခွင့် ရသွား ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Om Podcasten

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ