“ကျွန်တော်...ဆားချက်သမား” - လူထုဦးလှ (၁၉၈၆) - အပိုင်း(၆)

ချက်ဆားကွယ်ပျောက်ပြီး နေလှန်းဆားကို စားသုံးနေကြတဲ့ ဒီခေတ်ကြီးမှာ တခေတ်တခါကရှိခဲ့တဲ့ လူမှုရေးသမိုင်းငယ်တစောင်ကဲ့သို့ ဒီစာအုပ်ထဲမှာ...ဆားနဲ့ပတ်သက်ရင် ထင်းမီးနဲ့ချက်တဲ့ဆား၊ နေနဲ့လှန်းရတဲ့ဆား၊ အညာမှာချက်သောဆား နှင့် ဂဠုန်ဆား စသည်ဖြင့် ဆားမျိုးစုံလင်အောင် ရေးသားထားပါတယ်။ ဆားချက်သမားတယောက်ရဲ့ ဘဝ အပြင် ဗမာတွေကို ကျွန်လုပ် သွေးစုပ်ရေးမှာ နယ်ချဲ့သမားက ဆားကိုလည်း လက်နက်ယန္တရားတခုအနေနဲ့ အသုံးပြုဖို့ ကြံခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတွေ ကို လဲ ရေးသားဖော်ပြထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

Om Podcasten

ဒီ Channel လေး သည် အကြောင်းအမျိုးမျိုးကြောင့် စာဖတ်ရန် အခက်အခဲ ရှိသူ များ၊အချိန် မအား လပ် ၍ စာမဖတ်နိုင်သူများ နှင့် အမြင်အာရုံချို့တဲ့သော စာဖတ်ပရိသတ်များအတွက် အသံ စာအုပ် များကို နားထောင်နိုင်စေရန် ရည်ရွယ်ပါသည်။ တခေတ်တခါ က အောင်မြင်ကျော်ကြား ခဲ့ပြီး ယခု အချိန် တွင် ပြန်လည်ရှာဖွေရန် ခက်ခဲ သော သုတ ရသစာပေ ကောင်း များ နှင့် ဘာသာပြန်စာအုပ်များ ကို အဓိက ထား၍ အသံ စာအုပ် များ အနေ ဖြင့်ဖတ် ပြပေးသွား မှာ ဖြစ်ပါတယ် ရှင့်။ ဖတ်ကြားပေးစေချင်သော စာ အုပ် များအား audiobooksbyei@gmail.com (သို့ ) Anchor ရဲ့ voicemail သို့ ပေးပို့တောင်းဆိုနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။