ကွိ-(ဘာသာပြန်ဟံသာဝတီဦးဝင်းတင်)-၁၉၇၅

ကွိ... - (ဘာသာပြန် ဟံသာဝတီ ဦးဝင်းတင်) - ၁၉၇၅ "ကွိ" သည် အမေရိကန် စာပေတွင် ဂန္တဝင်မြောက် စာပေဖြစ်သည်။ Henery Sydnor Harrison ရေးသားထားပြီး ၁၉၁၁ ခုနှစ်တွင် စတင်ရေး သား ထုတ်ဝေခဲ့ကာ ၁၈ ကြိမ်အထိ ထုတ်ဝေနိုင်ခဲ့သော စာအုပ်ကောင်းဖြစ်ပါတယ်။ ၁၉၄၇ စစ်ပြီးစတွင် ထုတ်ဝေခဲ့သော ဆရာမဂျာနယ် ကျော် မမလေး ​၏ "သူလိုလူ" စာအုပ်တွင် စတင်ရင်းနှီးခွင့်ရခဲ့သော "ကွိ"၊ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင် အတွက် စာအုပ် ၁ ဗီဒို နှင့်ပင် မ လဲ နိုင် ဟု ဆိုခဲ့ရသော "ကွိ"၊ ၁၉၁၁ ခုနှစ်မှ စ၍ ၁၈ ကြိမ်မျှ ထုတ်ဝေခဲ့ရသော အမေရိကန်စာပေ ​၏ ဂန္တဝင် "ကွိ"... ထို "ကွိ" ကို ကျွန်မ တို့ဖတ် ခွင့်ရအောင် စေတနာထား ၍ ဘာသာပြန်ပေးခဲ့ ပါသော ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အား ရိုသေစွာ ဂါရဝပြုလျက်...

Om Podcasten

ဒီ Channel လေး သည် အကြောင်းအမျိုးမျိုးကြောင့် စာဖတ်ရန် အခက်အခဲ ရှိသူ များ၊အချိန် မအား လပ် ၍ စာမဖတ်နိုင်သူများ နှင့် အမြင်အာရုံချို့တဲ့သော စာဖတ်ပရိသတ်များအတွက် အသံ စာအုပ် များကို နားထောင်နိုင်စေရန် ရည်ရွယ်ပါသည်။ တခေတ်တခါ က အောင်မြင်ကျော်ကြား ခဲ့ပြီး ယခု အချိန် တွင် ပြန်လည်ရှာဖွေရန် ခက်ခဲ သော သုတ ရသစာပေ ကောင်း များ နှင့် ဘာသာပြန်စာအုပ်များ ကို အဓိက ထား၍ အသံ စာအုပ် များ အနေ ဖြင့်ဖတ် ပြပေးသွား မှာ ဖြစ်ပါတယ် ရှင့်။ ဖတ်ကြားပေးစေချင်သော စာ အုပ် များအား audiobooksbyei@gmail.com (သို့ ) Anchor ရဲ့ voicemail သို့ ပေးပို့တောင်းဆိုနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။