“တစ်ကျွန်းစံ၏အပြန်လမ်း”-ထင်လင်း (ဘာသာပြန်)

၁၉၅၃ ခုနှစ် တွင် စတင်ထုတ်ဝေခဲ့သော A.J Cronin ​၏ “Beyond this place” စာအုပ်ကို ဆရာထင်လင်း က “တစ်ကျွန်းစံ၏အပြန်လမ်း” အမည်ဖြစ် ဘာသာပြန်ဆို ရေးသားထားတာဖြစ်ပါတယ်။ ဒီ စာအုပ်လေးကို စဖတ်တဲ့အချိန်တည်းက အခန်းတိုင်း စာဖတ်သူ ကို ဖမ်းစားဆွဲခေါ်ပြီး လက်ကမချချင်အောင် ဖတ်လို့ကောင်းတဲ့ ဆရာထင်လင်း ရဲ့ အရေးအသားပြောင်မြောက်ချက်တွေ ကို တွေ့ရမှာဖြစ်ပါတယ်ရှင်။ ကျွန်မရဲ့အကြိုက်ဆုံးစာအုပ်တွေထဲ ကတစ်အုပ် ဖြစ်လို့ နားထောင်ရတဲ့ စာဖတ်ပရိသတ်တွေ အတွက်လဲ နားထောင်လို့ကောင်းမယ့်ဝတ္ထုတစ်ပိုဒ်ဖြစ်မယ် လို့ မျှော်လင့်ပါတယ်ရှင်။ *ဘာသာပြန်စာအုပ် ဖြစ်တဲ့အတွက် အသံထွက်အမှားပါရင် ကျွန်မရဲ့ အား နည်းချက် သာဖြစ်လို့ နားလည်ပေးစေချင်ပါတယ်ရှင်။

Om Podcasten

ဒီ Channel လေး သည် အကြောင်းအမျိုးမျိုးကြောင့် စာဖတ်ရန် အခက်အခဲ ရှိသူ များ၊အချိန် မအား လပ် ၍ စာမဖတ်နိုင်သူများ နှင့် အမြင်အာရုံချို့တဲ့သော စာဖတ်ပရိသတ်များအတွက် အသံ စာအုပ် များကို နားထောင်နိုင်စေရန် ရည်ရွယ်ပါသည်။ တခေတ်တခါ က အောင်မြင်ကျော်ကြား ခဲ့ပြီး ယခု အချိန် တွင် ပြန်လည်ရှာဖွေရန် ခက်ခဲ သော သုတ ရသစာပေ ကောင်း များ နှင့် ဘာသာပြန်စာအုပ်များ ကို အဓိက ထား၍ အသံ စာအုပ် များ အနေ ဖြင့်ဖတ် ပြပေးသွား မှာ ဖြစ်ပါတယ် ရှင့်။ ဖတ်ကြားပေးစေချင်သော စာ အုပ် များအား audiobooksbyei@gmail.com (သို့ ) Anchor ရဲ့ voicemail သို့ ပေးပို့တောင်းဆိုနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။