အိန္ဒိယနဲ့ဘင်္ဂလားကို ပြေးကြတဲ့ စစ်ကောင်စီဝင်တွေ
စစ်ကောင်စီတပ်ဖွဲ့ဝင် ဒီလိုမျိုးဝင်ရောက်လာတာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာဟာ မလုပ်သင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီစစ်သားတွေကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား အချို့က ပြောဆိုနေကြပါတယ်။